သံတောင်ကြီး အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၊ ဘုရင့်နောင်တပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ် ခင်မောင်စိုး၏ လမ်းညွန်မှုဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၁၀)နာရီအချိန်က ဘုရင့်နောင်တပ်နယ်ရှိ တပ်မတော်သားများက သံတောင်ကြီးမြို့ အမှတ်(၄)ရပ်ကွက်လမ်းဆုံတွင် ဆန်၊ စားအုန်းဆီ၊ အသားငါး များ၊ ကြက်ဥနှင့်အခြေခံစား သောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆန်နှင့်အအခြေခံစားသောက်ကုန်များအား လာရောက်ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ကျပ်(၁၂၀၀)နှုန်းဖြင့်လူတစ်ဦးကို(၂) ပြည်၊ကြက်ဉ(၆)လုံးလျှင်ကျပ်(၁၀၀၀)၊ စားအုန်းဆီ တစ်ပိဿာ လျှင် ကျပ်(၅၃၀၀)၊ ကြက်သွန်နီတစ်ပိဿာကျပ်(၄၄၀၀)၊ ငါးကြင်းတစ် ပိဿာလျှင်ကျပ်(၇၀၀၀)၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင်ကျပ်(၃၂၀၀)၊ ချင်းတစ်ပိဿာလျှင်ကျပ်(၁၅၀၀)၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ကျပ်(၈၀၀) နှင့်အခြားစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချပေးရာ ဒေသခံပြည်သူများက ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ဝယ်ယူကြကြောင်းသိရသည်။
နော်နော်မူ