ပေါင်းတည် အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မှတ်တိုင်လမ်း အ.လ.က(ခွဲ)ကျောင်းတွင် ကျောင်းကြက်ခြေနီအသင်းဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးရဲမင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့မှူးဦးကြည်ထွန်းက ကြက်ခြေနီအသင်းစတင်ပေါ်ပေါက်လာပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များစသည်တို့ကို အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။
ကျောင်းကြက်နီခြေနီအသင်းဖွဲ့စည်းရာတွင် ကျောင်းကြက်နီအသင်းတာဝန်ခံအဖြစ် ကျောင်းအုပ်ကြီး၊ အသင်းဥက္ကဋ္ဌအဖြစ် ဆရာမ ၁ ဦး၊ အဖွဲ့ဝင်များအဖြစ် ဆရာမ ၂ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၄ ဦးတို့ဖြင့် ဖွဲ့စည်းပေးခဲ့ပြီး အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ ၇၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)