ပြင်ဦးလွင် အောက်တိုဘာ ၅
ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦး လွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ (ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး) ဦးသန့်ဇော်ဦးက တက်ရောက်အမှာစကားပြောကြား သည်။
ထို့နောက် ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒေါ်ချိုဇင်သန့်က အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အခမ်းအနားမှူးသင်တန်းကို အောက်တိုဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိနံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဖွင့်လှစ်သင် ကြားပေးမည်ဖြစ်ပြီး ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ သင်တန်းသူ ၅၀ ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် [ခရိုင်(ပြန်/ဆက်)]