ပခုက္ကူ အောက်တိုဘာ ၅
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ (Talk Show)တွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာ၊ ဒေါ်ယမုံထွဋ်နှင့် ဒေါ်ယုယုအောင်တို့က ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများအရ ဆရာကို မိဘနှင့် တစ်ဂိုဏ်းတည်း ထားရှိမှုများ၊ ငယ်စဉ်ဘဝ ပညာသင်ယူစဉ်က တပည့်ကျင့် ဝတ်(၅)ပါးနှင့် အညီ လိုက်နာ ပညာသင်ယူခဲ့ပုံများ၊ ကလေးတွေကို ပြုစုပျိုးထောင်သည့်အခါ ဆရာ/မများ၏ အရေးပါသည့် အခန်းကဏ္ဍများ၊ ယနေ့ခေတ်တွင် ပညာရေးကဏ္ဍ၏ အရေးပါမှုများ၊ ဆရာကောင်းတစ်ယောက် ဖြစ်ရန် လိုက်နာကျင့်ကြံ နေထိုင်ရမည့် အချက်များ အကြောင်းတို့ကို အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)