နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

နောင်ချို စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို ယမန်နေ့က စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(ပင်စင်) လစာထုတ်ယူသူများ ပင်စင်ထုတ်ယူရာတွင် အခက်အခဲမရှိစေရန် အုပ်စုများခွဲကာ နေ့ရက်သက်မှတ်၍ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားဝန်ထမ်းများ၏ လုံခြုံရေးကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူစုလူဝေးမဖြစ်ပေါ်စေရေး၊ မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း၊ လစဉ်(၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း အကြောင်းအမျိုးမျိုးကြောင့် ပင်စင်လစာ လာရောက် မထုတ်ယူနိုင်သည့် ပင်စင်စား နိုင်ငံ့ဝန်ထမ်းများအား နောက်လ လဆန်းပိုင်းမှစ၍ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ထုတ်ယူခွင့်ပြုကြောင်း နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှသိရသည်။

ထွေးငယ်၊ပြန်/ဆက်