အိမ်မဲ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက သက်ဆိုင်ရာဌာနရုံးအ သီးသီးတွင် လုံခြုံရေးကို အထူးဂရုစိုက်ကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအနေဖြင့် တစ်ပတ်တစ်ခါ စစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် စည်းကမ်းလိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အပြင်ထွက်သူတိုင်း နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာနိုင်ရေးအတွက် စစ်ဆေးရေး အဖွဲ့များဖြင့် ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ၁၄၄ အမိန့်ထုတ်ထားသည့် ည ၁၂ နာရီမှ နံနက် (၄) နာရီအတွင်း အပြင်ထွက် သွားလာခြင်းမပြုရန်နှင့် စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြို့နယ် အတွင်း ခရိုင်စိုက်တိုးမြှင့်အဖွဲ့နှင့် နေကြာစိုက်တောင်သူများ တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါနှင့် ပတ်သက်ပြီး Mask၊ positive လူနာထားရှိမည့်နေရာတို့ကို စီစဉ်ဆောင်ရွက်ထားပြီးဖြစ် ကြောင်း၊ ကိုဗစ် ကာကွယ်ဆေးကို အပြည်အဝထိုးနှံနိုင်ရေးအတွက် ကွင်းဆင့်သည့်အခါတိုင်း စည်းရုံးဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကျန်းမာရေးဌာနအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မှု လုပ်ငန်းများအကြောင်း ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများပါဝင် ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။
ချစ်သက်လယ်(အိမ်မဲ)