မဘိမ်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးရာတွင် မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ အသက် (၅)နှစ်မှ(၉)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၅ ဦးတို့အား ဂျပန်ဦးနှောက်ရောင်ရော ဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)