သတင်းများ

ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Sep 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင်  ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများအတွက် ထောက်ပံ့ငွေ ၂၆.၅၇၉ သန်း ကျော်အား ထောက်ပံ့ပေးအပ်
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ သဘာဝဘေးကြောင့်ပျက်စီးဆုံးရှုံးမှုများနှင့် သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများအတွက် ထောက်ပံ့ငွေ ၂၆.၅၇၉ သန်းကျော်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့နယ်၌ မိုးစပါးစိုက်ခင်းများ ပိုးမွှားကျရောက်မှုကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းဆောင်ရွက်
Sep 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့မ (KC) နယ်မြေအတွင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများ ပိုးမွှားကျရောက်မှုကင်းထောက်ခြင်းနှင့် မျိုးကွဲနုတ်ပယ်ခြင်း ကွင်းဆင်းဆောင်ရွက်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းရှိ စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ စျေးကွက်လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 21,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းရှိ စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ စျေးကွက်လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်က ဆောင်ရွက်ခဲ့သည်။
လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို
ကျောက်ဆည်မြို့နယ် လူမှုဖူလုံရေးရုံးမှ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေ(၄၄၈၈၄၈၀)ကျပ် ထုတ်ပေး
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံတွင် ယမန့်နေ့မွန်းလွဲ(၂)နာရီက ကျောက်ဆည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦးအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီအလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ (၄၄၈၈၄၈၀)ကျပ်အား ထုတ် ပေးခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ် ပညာရေးဒီဂရီကောလိပ်၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့်ဇာတ်တိုက် လေ့ကျင့်ခန်းများ ပြုလုပ်
Sep 21,2022
သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများအပြင်
ကြည့်မြင်တိုင်မြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေး အသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်း Mask များ အခမဲ့ဖြန့်​ဝေခြင်း ​ဆောင်ရွက်
Sep 21,2022
ကိုဗစ်-၁၉ ရောဂါမျိုးဆက်သစ် အိုမီခရွန်​ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် အသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်းများအခမဲ့ဖြန့်​ဝေခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စျေးက​လေးရပ်ကွက်၊ စျေးကလေး(၅)လမ်းတွင် ယ​မန်နေ့နံနက်ပိုင်းက နှာ​ခေါင်းစည်းများ အခမဲ့ဖြန့်​ဝေခြင်းနှင့် ပြည်သူအသိပညာ​ပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။