ကြည့်မြင်တိုင်မြို့နယ်၌ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ရေး အသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်း Mask များ အခမဲ့ဖြန့်​ဝေခြင်း ​ဆောင်ရွက်

ကြည့်မြင်တိုင်   စက်တင်ဘာ   ၂၁

ကိုဗစ်-၁၉ ရောဂါမျိုးဆက်သစ် အိုမီခရွန်​ရောဂါဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်​ရေးအတွက် အသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်းများအခမဲ့ဖြန့်​ဝေခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စျေးက​လေးရပ်ကွက်၊ စျေးကလေး(၅)လမ်းတွင် ယ​မန်နေ့နံနက်ပိုင်းက နှာ​ခေါင်းစည်းများ အခမဲ့ဖြန့်​ဝေခြင်းနှင့် ပြည်သူအသိပညာ​ပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေး အသိပညာ​ပေးခြင်းနှင့် နှာ​ခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ကြည့်မြင်တိုင်မြို့နယ် ကိုဗစ်-၁၉​ ရောဂါ​ ကာကွယ်ထိန်းချုပ်​ရေးနှင့်အရေးပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှု​ရေးအသင်းအဖွဲ့များမှ ရပ်ကွက်များအတွင်း ပြည်သူများ အပြင်ထွက်သည့်အခါ နှာ​ခေါင်းစည်းများတပ်ဆင်သွားလာ​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ရေး ညွှန်ကြားချက်များနှင့်အညီ​နေထိုင်ကြရန် အသိပညာ​ပေးခြင်းများနှင့် နှာ​ခေါင်းစည်း Mask များ အခမဲ့ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သတင်းရရှိသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)