သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် တိုင်းဒေသကြီး ရင်းနှီး
Sep 21,2022
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အား ကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုင်းခတ်မြို့၌ စစ်ကြောင်းကြီး(၅)ကြောင်း နယ်မြေကွင်းဆင်းခြင်းလုပ်ငန်းများဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်ကြောင်းကြီး(၅)ကြောင်း နယ်မြေကွင်းဆင်း ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းဟန်ကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာနှင့် ဖာလန်ကော်ကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန် T-Shirt ၊ Maskနှင့် နှိုးဆော်စတစ်ကာများ ဖြန့်ဝေခြင်းကိုကြည့်ရှုအားပေး  
Sep 21,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)မှ ရန်ကုန်မြို့အတွင်း  ခရီးသွားပြည်သူများသွားလာမှု အများဆုံးနေရာများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် အသိပညာ‌ပေးစာတမ်းများပါသည့်
ချောင်းဆုံမြို့နယ်ကလွီ (အ.ထ.က) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့
Sep 21,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ (ပြန်/ ဆက်၊ ဘေး/ စီမံ၊ အား/ ကာ)ဌာနနှင့်  ပညာရေးဌာနတို့ပူးပေါင်းပြီး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြသခြင်းနှင့် အားကစားပစ္စည်းထောက်ပံ့ခြင်းကို ယနေ့နံနက် (၁၀)နာရီက ချောင်းဆုံမြို့နယ် ကလွီ (အ.ထ.က) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး၊ အောက်ကျောင်းဘုရားကြီးနှင့် မန်းစက်တော်ရာဘုရားတို့အတွက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အလှူတော်ငွေလှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်
Sep 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းဝန်းအတွင်းရှိ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက စန္ဒကူးနံ့သာကျောင်းတော်ရာ စေတီတော်မြတ်ကြီး၊ မန်းစက်တော်ရာဘုရားနှင့် အောက်ကျောင်းဘုရားကြီးတို့အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လှူဒါန်းသော အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 21,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့်ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲ အချိန်က မြေနဲလေးကျေးရွာသို့ ဒေသဖွံ့ဖြိုးရေးကွင်း ဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ
Sep 21,2022
ပြည်သူများစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် စမ်းချောင်း(တောင်) ရပ်ကွက်၊ စမ်းချောင်းမူကြိုကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့၌ ရေကြီးရေလျှံစဉ်ကာလ တင်ကျန်ရစ်သောရွှံ့နွံများကို စည်ပင်သာယာရေးဌာနမှ ဆက်လက်ရှင်းလင်း
Sep 21,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့ပြီးနောက် တင်ကျန်ရစ်သော အမှိုက်များ၊ ရွှံ့နွံများကို စည်ပင်သာယာရေးဌာနမှ သန့်ရှင်းရေးဝန်ထမ်းများက ယနေ့တိုင် ဆက်လက်ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း သိရသည်။