သတင်းများ

တာလေမြို့၌ တာဝန်ရှိသူများပူးပေါင်း၍ စျေးအတွင်း Mask Campaign ပြုလုပ်ပြီး နှာခေါင်းစည်းများဝေငှပေး
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့နှင့် တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးစိတ်သစ်
လေးမျက်နှာမြို့နယ်တွင် ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာအုပ်စု ပန်းတောကြီးကျေးရွာနှင့် ကွင်းကြီးကျေးရွာအုပ်စု ဇီးပင်ကွင်းကျေးရွာတို့တွင် ယမန်နေ့ နေ့လည်ပိုင်း၌ ဟင်္သာတခရိုင် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်း(၁၉၀)ဦး ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံခဲ့
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဌာနဆိုင်ရာ ဝန်ထမ်း(၁၀၀)ဦးတို့ကို booster ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခဲ့သည်။
ငါးသိုင်းချောင်းမြို့ ကင်ပွန်းချဉ်ကုန်းကျေးရွာ၌ အခြေခံစားသောက်ကုန်များကို စျေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခြင်းဆောင်ရွက်
Sep 21,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ ကင်ပွန်းချဉ်ကုန်းကျေးရွာတွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သီပေါမြို့နယ်တွင်ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့မဈေးကြီးတွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေးအသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈) နာရီက အဆိုပါ မြို့မဈေးကြီးအတွင်းနှင့် အပြင်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများနှင့် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က စာရင်းစစ်ရုံးနှင့် အ.ထ.က(၄)ကျောင်းသို့ သုတရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။
ပိုင်ကျုံမြို့ မိုးနိုင်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၁) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Sep 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့က မိုးနိုင်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၁) ဦးအတွက် တစ်ဦးလျှင် (၃၀,၀၀၀/-) နှုန်းဖြင့် စုစု‌ပေါင်းငွေကျပ် (၆၃၀,၀၀၀/-) ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်
Sep 21,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။