နတ်မောက် စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးအတွင်းရှိ စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ စျေးကွက်လက်ကျန်မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်က ဆောင်ရွက်ခဲ့သည်။
မြို့မစျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော Happy Bei Bei သံပုရာရည်၊ Happy ဆေးမကျည်း၊ Power Bull Energy Drink ၊အမှတ်တံဆိပ်မပါရောင်စုံဂျယ်လီ၊ New Choice မက်မန်းသီး၊ ချိုချဉ်မျိုးစုံ၊ဂွေးသီး၊ ရွှေထီးလက်ဖက်စို၊ ခေါက်ဆွဲခြောက်၊ ပဲပြားစသည့်တို့အား အစားအသောက်ကုန်ပစ္စည်းနမူနာများ ကောက်ယူခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်းများကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးလှဝင်း