မော်လမြိုင်မြို့နယ် ပညာရေးဒီဂရီကောလိပ်၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့်ဇာတ်တိုက် လေ့ကျင့်ခန်းများ ပြုလုပ်

မော်လမြိုင် စက်တင်ဘာ ၂၁

သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများအပြင် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးရန်လိုအပ်သည့်အတွက် မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက  မော်လမြိုင်မြို့နယ် ပညာရေးဒီဂရီကောလိပ်၌ ကျင်းပရာ ပြည်နယ်မီးသတ် ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦစိုး၀င်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊  ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ/ ဆရာမများ သင်တန်းသား၊ သင်တန်းသူများ၊ တက်ရောက်ခဲ့သည်။

ရှေးဦးစွာကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်က သင်းတန်းဆင်းသွာတဲ့အခါမှာ ဆရာ/ဆရာမ ဖြစ်သည့်အားလျော်စွာ မိမိတာဝန်ကျသည့်နေရာဒေသမှာ ရပ်ရွာအကျိုးသယ်ပိုးနိုင်တဲ့သူ ဖြစ်လာစေရန်၊ ကျောင်းသား/ သူများကို ဦးဆောင်လမ်းပြနိုင်တဲ့သူဖြစ်စေရန်၊ သဘာဝဘေးကြုံလာသည့်အခါမှာ ကိုယ်ကိုယ်တိုင်ပြုမူနေထိုင်တတ်သည့်အပြင် ကျောင်းသား/ သူများနှင့် ရပ်ရွာပြည်သူလူထုကို အသိပညာပေး ဖြန့်ဝေပေးနိုင်စေရန်၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းတော်ကြီးကနေ မူလတန်းဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၈) မှာ ဆရာ/ ဆရာမတို့ သိသင့်သိထိုက်သည့် ဗဟုသုတများကို ဟောပြောပွဲ အမျိုးမျိုးပြုလုပ်ပေးသွားမှာဖြစ် ကြောင်းပြောကြားခဲ့ပြီး ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုး၀င်းက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် ဇာတ်တိုက် လေ့ကျင့်ခန်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဇာတ်တိုက် လေ့ကျင့် ခန်းဆောင်ရွက်ပုံအဆင့်ဆင့်အား  စာတွေ့ လက်တွေ့ချပြ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်း၊ အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ပြုလုပ်ရာ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ်နှင့်ဆရာ/ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)