သတင်းများ

အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Sep 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး အသိပညာ‌ပေးဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်ညိုကျေးရွာနှင့် အင်ဒိုင်းကျေးရွာ အသိပညာပေးဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၊ အိုးလုပ်ဈေးတွင်တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှတင်ပြထားသော ကုန်ပစ္စည်းများ ရောင်းချမှုရှိ/ မရှိကြည့်ရှုစစ်ဆေး
Sep 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ အိုးလုပ်ဈေးတွင် အစားအသောက်နှင့် လူသုံးကုန်/အလှကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသောကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများပင်းတယမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှန်ထုတ်ပေး
Sep 21,2022
မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့်လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန် ရုံးဖွင့်ရက်(၂၁) ရက်နေ့ မှစတင်ထုတ်ပေးလျက် ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊  မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏
သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး (၈၃၆၀)ဦး ထိုးနှံပေးနိုင်ခဲ့
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ (၉)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောင်းဆေးထိုး သတ်မှတ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
သာပေါင်းမြို့နယ်တွင် ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်‌ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပြည်အေးခန်းမ၌ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်‌ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပပြုလုပ်သည်။
မိုင်းယောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့ အမှတ်(၆)အခြေခံပညာမူလွန်ကျောင်း၌ PhysicalFitness သင်တန်းပို့ချ
Sep 21,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အမှတ်(၆)အခြေခံပညာမူလွန်ကျောင်း ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ ကျောင်းသူကျောင်းသားများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စိတ်ရွှင်လန်းရေးနှင့် ဥာဏ်ရည်ဥာဏ်သွေးများ ထက်မြက်လာစေရေးအတွက်ရည်ရွယ်၍ PhysicalFitnessသင်တန်းကို ယမန်နေ့ညနေ ၂နာရီချိန်က အဆိုပါကျောင်းဝင်းတွင် သင်ကြားပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယမန်နေ့ နံနက်(၉) နာရီအချိန်က ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့် ပါမောက္ခ ဆရာ/ဆရာမများ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊