ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့်  နှာခေါင်းစည်းဝေငှခြင်းများ ဆောင်ရွက်

ကျောက်ဖြူ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန် ကျောင်းတွင် တက်ရောက်ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အဆိုပါခိုလှုံရာစခန်းသို့ သွားရောက်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ နှာခေါင်းစည်း(mask)များနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်က မူလတန်းဆင့်ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အပြင်ထွက်ခါနီးတိုင်း နှာခေါင်းစည်း(mask)ကို တတ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောကြရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင် ရန်များကို အသိပညာပေး ‌ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးပြီး နှာခေါင်းစည်း(mask)နှင့် လက်ကမ်းစာစောင်များ အခမဲ့ဝေငှပေးခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း