လိပ်သိုမြို့ အလည်ချောင်း (အောက်) ကျေးရွာတွင် အမျိုးသမီးငယ်များအား    သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) အဖြစ်ထိုးနှံပေး

လိပ်သို စက်တင်ဘာ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးလက်နေအမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ မဖြစ်ပွားစေရန်အတွက် ကာကွယ် ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာထိုးနှံပေးခြင်းဖြင့် အစောဆုံးကာကွယ်နိုင်မှုရရှိနိုင်မည်ဖြစ်သောကြောင့် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုမြို့တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)  ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အလည်ချောင်းအောက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲဆေးခန်းတွင် လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများမှ အမျိုးသမီးအများစု သေဆုံးမှုဖြစ်ပွားစေသည့် ရောဂါထဲတွင် သားအိမ်ခေါင်းကင်ဆာသည် အကြီးဆုံးရောဂါတစ်ခု ဖြစ်သောကြောင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာ အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနမှ နော်ထီနီအေး (သားဖွားဆရာမ) ထံမှ သိရသည်။

ထို့ပြင် (HPV) အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံခြင်းကို ကျောင်းနေအရွယ် မိန်းကလေးများ (၉) နှစ်မှ (၁၀) နှစ်အရွယ် မိန်းကလေးများကို အိတ်ချ်ပီဗီကာကွယ်ဆေးအား စောနိုင်သမျှစော၍ထိုးနှံခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်သောကြောင့် မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ခင်လေးနွယ် (လိပ်သို)