မင်းတပ် စက်တင်ဘာ ၂၁
ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဒေသခံပြည်သူများ နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် တစိတ်တဒေသ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များကို လက်ရှိပေါက်ဈေး၏ ၂၀/% လျော့၍ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ယနေ့နံနက် ၇ နာရီ အချိန်က စံပြ ရပ်ကွက်ရှိ မြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့သည်။
ဒေသနေပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန် ရောင်းချ နေမှုများကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုကို စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများက မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရေးတို့အတွက် အခြေခံ စားသောက်ကုန်များဖြစ်သော ပစ္စည်း(၁၄)မျိုးနှင့်ဟင်းသီးဟင်းရွက်များကို စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ဆန်တစ်ပြည် ၁၆၀၀၊ ပဲဆီတစ်ပိဿာ ၉၀၀၀၊ ဆားတစ်ထုပ် ၂၀၀၊ ငါးပိတစ်ထုပ် ၆၀၀၊ ကြက်သွန်နီ တစ်ပိဿာ ၃၂၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၃၄၀၀၊ ကုလားပဲ တစ်ပိဿာ ၄၀၀၀၊ ငရုတ်ခွဲကြမ်း တစ်ပိဿာ ၉၀၀၀၊ ယမ်ယမ် တစ်ပါကင် ၃၅၀၀၊ အာလူး တစ်ပိဿာ ၂၀၀၀၊ ကြက်ဥ တစ်လုံး ၁၈၀၊ ကြက်သား တစ်ပိဿာ ၉၀၀၀၊ နွားနောက်သား တစ်ပိဿာ ၁၀၀၀၀၊ ဝက်သား တစ်ပိဿာ ၈၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)