စမ်းချောင်း စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များဝေငှပြီး အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက စမ်းချောင်း(တောင်)ရပ်ကွက်တွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များသည် ရပ်ကွက်နေထိုင်သည့် မိဘပြည်သူများအား နှာခေါင်းစည်း(mask)တပ်ဆင်၍ သွားလာနိုင်ရေး အသိပညာပေးခြင်းနှင့်နှာခေါင်းစည်းများ (အခမဲ့)ဝေငှခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခင်ငြိမ်းချမ်းဝင်း