သတင်းများ

ကံမမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်း ဆိုင်းဘုတ်စိုက်ထူ
Jan 26,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား   ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီက မြို့လယ်လမ်းဆုံ၌ပြုလုပ်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် တာဝန်ရှိသူများက ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြသည်။
မြောင်းမြခရိုင် (Community Centre) ခန်းမ၌ Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်း ပြုလုပ်
Jan 26,2025
ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂း၀၀) နာရီ အချိန်က Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Jan 26,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်းရာသီအားကစားပြိုင်ပွဲများ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲက ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
မိုင်းပျဉ်းမြို့ အ..မက(မူလွန်)-ယမ်းမိုင်ကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 26,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ယမ်းမိုင်ကျေးရွာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ထပ်‌‌ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၌ Big Catch-UP နည်းလမ်းဖြင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Jan 26,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက အသက်တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များအား Big Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၀ ရက်မှစတင်ပြီး မြို့ပေါ်ရပ်ကွက်များ၌ ဆေးထိုးစုရပ်ငါးနေရာခွဲ၍ ထိုးနှံတိုက်ကျွေးကြသည်။
ဟုမ္မလင်းမြို့၌ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်း ကျင်းပ
Jan 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် လူငယ်များ အတွေးအခေါ်မြင့်မားပြီး စကားပြောစွမ်းရည်များ ကြွယ်ဝလာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉) နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ် ကုန်ဈေးနှုန်း ထိန်းညှိလျှော့ချရေးအဖွဲ့မှ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ဆန်ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ
Jan 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိရေးအဖွဲ့သည် ယမန်နေ့က မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ပိုင် စျေးရုံးတွင် မြို့မစျေးအတွင်း ရောင်းချနေသော ဆန်ဆိုင်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံသည်။
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ (၁၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Jan 26,2025
မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ယနေ့နံနက် (၉)နာရီက (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ (၁၉)ကြိမ်မြောက် ဘွဲ့နှင့်သဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။