ဓနုံးကျေးရွာအုပ်စု၌ပန်းခင်းစီမံချက် (၃) ဖြင့်နိုင်ငံသားကတ်များကွင်းဆင်းဆောင်ရွက်
Jan 26,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယဥ်တော်စံကျေးရွာ အောင်သိဒ္ဓိကပ်ကျော်ဓမ္မာရုံတွင် အမရပူရမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်း ဦးဆောင်သောအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ဓနုံးကျေးရွာအုပ်စုမှ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။