ကံမမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်း ဆိုင်းဘုတ်စိုက်ထူ

ကံမ ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၅-ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား   ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီက မြို့လယ်လမ်းဆုံ၌ပြုလုပ်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် တာဝန်ရှိသူများက ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြသည်။

အဆိုပါ  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကြိုဆိုခြင်း ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ပြန်/ဆက်)