ငပုတောမြို့နယ် ကုန်ဈေးနှုန်း ထိန်းညှိလျှော့ချရေးအဖွဲ့မှ ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ဆန်ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ

ငပုတော ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိရေးအဖွဲ့သည် ယမန်နေ့က မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ပိုင် စျေးရုံးတွင် မြို့မစျေးအတွင်း ရောင်းချနေသော ဆန်ဆိုင်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာ၌  မြို့နယ်ကုန်ဈေးနှုန်းထိန်းညှိလျော့ချရေးအဖွဲ့မှ တာဝန်ရှိသူများက ၂၀၂၅ ခုနစ် ဇန်နဝါရီလအတွက် MRF က ထုတ်ပြန်သည့် ဆန်အမျိုးအစားအလိုက် ရောင်းချရမည့် ရည်ညွှန်းစျေးနှုန်းများနှင့် စျေးကွက်အတွင်း အမြင့်ဆုံးရောင်းချနိုင်မည့် စျေးနှုန်းများအား သိရှိလိုက်နာ ရောင်းချကြရန် အသိပေးပြောကြားဆောင်ရွက်ကြ‌ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)