ပခုက္ကူ ဇန်နဝါရီ ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက အသက်တစ်နှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များအား Big Catch-UP နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီလ ၂၀ ရက်မှစတင်ပြီး မြို့ပေါ်ရပ်ကွက်များ၌ ဆေးထိုးစုရပ်ငါးနေရာခွဲ၍ ထိုးနှံတိုက်ကျွေးကြသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်တစ်နှစ်မှ ငါးနှစ်အရွယ်ကလေးငယ်များအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသောကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသည့် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးကြရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိ ကလေးငယ်စုစုပေါင်း(၁၂၁၆)ဦးတို့အား ထိုးနှံတိုက်ကျွေးပြီးစီးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)