မိုင်းပျဉ်းမြို့ အ..မက(မူလွန်)-ယမ်းမိုင်ကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းပျဉ်း ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ယမ်းမိုင်ကျေးရွာတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ထပ်‌‌ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ နှစ်ထပ်ကျောင်းဆောင်သစ်၊ ပညာရေးစုံညီနှင့် ပညာရည်ချွန်ဆုပေးပွဲကို မိုင်းပျဉ်းတပ်နယ်မှူး ဒုဗိုလ်မှူးကြီး စောဝင်းနိုင်၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး‌ ဒေါ်နန်းဟွမ်နွမ်း၊ အမက(မူလွန်)-ယမ်းမိုင် ကျောင်းအုပ်ဆရာကြီးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းနန္ဒတို့က ဖဲကြိုးဖြတ်၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် မြို့နယ်ပညာ‌ရေးမှူး ဆရာမကြီး ဒေါ်နန်းဟွမ်နွမ်းတို့က အမှာစကားအသီးသီး ပြောကြားကြပြီး၊  အ.မ.က ကျောင်းအုပ်ဆရာမကြီး ဦးစိုင်းနန္ဒက ကျောင်းနှင့်ပတ်သက်သော ကိစ္စရပ်များတင်ပြခြင်းနှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးပြက္ခဒိန်ပါ ကျောင်းတွင်းထူးချွန်ဆုနှင့် အားကစားဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုများ ပေးအပ်ချီးမြှင့်‌ခဲ့ကြပြီး၊   ကျောင်းသား၊ကျောင်းသူလေးများက အကအလှပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မိုင်းပျဉ်းတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမိသားစု၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ‌ကျောင်းသားမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)