ဘားအံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခု ယမန်နေ့နံနက် (၁) နာရီခွဲခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ သန့်တည်းခိုခန်းပိုင်ရှင် ဦးအာကာ RC (၂)ထပ်၏ အပေါ်ထပ်တွင် မန်နေဂျာနှင့် တည်းခိုသူ (၁) ဦးတို့မှ ဝိုင်းဖွဲ့စားသောက်ကာ ဆေးလိပ်သောက်မီးကို ပေါ့ဆစွာစွန့်ပစ်ခဲ့ရာမှ မွေ့ယာအား မီးကူးစက်ပြီး တည်းခိုခန်းအပေါ်ထပ်ကို မီးလောင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်သည့်နေရာသို့ ဘားအံခရိုင် မီးသတ်ဦးစီးမှူးမှ ဦးဆောင်သည့် မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ Rescue လူမှုကူညီရေးအသင်း(ဘားအံမြို့)မှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက်(၂) နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ တည်းခိုခန်းမန်နေဂျာအား ဘားအံမြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)