Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် အခမ်းအနားမှူးသင်တန်း ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုဗဟိုပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အလယ်တန်းအဆင့်) ပန်းချီပြိုင်ပွဲနှင့် အခမ်းအနားမှူးသင်တန်း လက်တွေ့ပြောဆိုမှုပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး နှာခေါင်းစည်း ၄၀၀၀ ကို အခမဲ့ဖြန့်ဝေ
Sep 20,2022
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဌာနဆိုင်ရာများမှ အသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီး နှာ ခေါင်းစည်း ၄၀၀၀ ကို ယနေ့နံနက်က ရန်ကုန်-မန္တလေးကား လမ်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးအနီးတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများနှင့် အထက်တန်း ကျောင်းတွင် သွားရောက်ငှားရမ်းပေး
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲ အချိန်ခန့်က မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ် ဈေးကြိုရပ်ကွက်နှင့် ကွင်းရပ် ရပ်ကွက်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်
Sep 20,2022
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) က ကြီးကြပ် ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယနေ့နေ့ လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ ဈေးကြိုရပ်ကွက်နှင့်ကွင်းရပ် ရပ်ကွက်များသို့ ကွင်းဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ များအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်အတွင်း၌ အထွက်ကောင်းစပါးမျိုးနှင့် အခြားစပါးမျိုးမိုးစပါး (၁၁၀,၀၈၇) ဧက စိုက်ပျိုး ပြီးစီး
Sep 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လယ်ယာမြေများ၌ ရေကျနောက်စိုက်စပါးမျိုးမှလွဲ၍ မိုးစပါးစိုက်ပျိုးနိုင်သော လယ်ယာမြေစုစုပေါင်း (၁၁၀,၀၈၇) ဧကတွင် မိုးစပါးကို စိုက်ပျိုးပြီးစီး ထားပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဖလား၊ ရှမ်းပြည်နယ်(မြောက်ပိုင်းဇုံ) အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ(၃)နာရီ အချိန်က ၂၀၂၂ခုနှစ်၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဖလား၊ ရှမ်းပြည်နယ်(မြောက်ပိုင်းဇုံ) မြို့နယ်အလိုက် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေး ဟောပြောပွဲ ကျင်းပကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16301
Page
16302
Page
16303
Page
16304
Current page
16305
Page
16306
Page
16307
Page
16308
Page
16309
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department