ညောင်ဦး စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့ ရပ်ကွက်များအလိုက်ရောင်းချပေးနေကြောင်းသိရသည်။
ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တဘက်တလမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၆၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး ညောင်ဦးမြို့ ဖွားစောအုပ်စုရှိ ကန်ပေါက်ကျေးရွာ၊ ဖွားစောအရှေ့ကျေးရွာ၊ ဖွားစောအနောက်ကျေးရွာ၊ နတ်ကြိုအိုင့်ကျေးရွာနှင့် ကူကျေးရွာတို့တွင် Mobile ကားဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်းသိရသည်။ အဆိုပါ Mobile ကားဖြင့်ရပ်ကွက်နေပြည်သူများ လက်ဝယ်အရောက်ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန် ၆၆၀ ပိဿာရောင်း ချပေးနိုင်ခဲ့ကြောင်းသိရသည်။
ကိုကြေးမုံ