ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အစည်းအဝေးအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ညနေပိုင်းတွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video conferencing စနစ်ဖြင့်တက်ရာက်ကြသည်။