သတင်းများ

ဘောလခဲမြို့ ပြည်သူ့ဆေးရုံ၌ မွေးစမှ အသက်(၅) နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Sep 20,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ပြည်သူ့ဆေးရုံတွင် မွေးကင်းစမှ အသက်(၅)နှစ်အတွင်း ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ညောင်တုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး‌ကော်မတီ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ‌အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော အမှတ်(၇)ရပ်ကွက်၊ အနော်ရထာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းဆောင်ရွက်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများကို ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမာမြို့၊ နေသူရိန်လမ်းနှင့် ချယ်ရီလမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် စာပေဗဟုသုတ တိုးပွားစေရေး၊ အကျိုးအကြောင်း၊ အကောင်း အဆိုးကို ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသများသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီ က တညင်ကုန်း ကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်​တင်ရေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းများကို ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန် များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်
Sep 20,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ စေတနာရှင်၊ အလှူရှင်များ ပူးပေါင်းပါဝင် လှူဒါန်းမှုဖြင့် မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စုရှိ  အခြေခံလူတန်းစားအိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်က မကွေးမြသလွန် ဘုရားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ
ငါးသိုင်းချောင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အကြို အသိပညာပေး Talk show ကျင်းပပြုလုပ်
Sep 20,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် အငြိမ်းစားမူလတန်း ကျောင်းအုပ်ဆရာကြီးများက ကမ္ဘာ့ဆရာများနေ့အကြို အသိပညာပေး Talk show ကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့ကြပါသည်။
နောင်တရားမြို့၌ Bookclub အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်
Sep 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Bookclub အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် သုတ၊ရသ အမြင်ခြင်းဖလှယ်သည့် စာဖတ်ဝိုင်း ပြုလုပ်သည်။
ထန်းတပင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး
Sep 20,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။