ပဲခူးမြို့၌ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရန် စာဖတ်ဝိုင်းကျင်းပ
Sep 20,2022
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝေါမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပလျက်ရှိရာ ကလောင်စုံ ရေးသားထားသော “နှောင်နှင့်ရွှေနန်းတော်ဝင်ရသဝတ္ထုတိုများ” စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။