ပုသိမ် စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ညနေပိုင်းတွင်ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video conferencing စနစ်ဖြင့်တက်ရာက်ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာကော်မတီများအလိုက် အစည်းအဝေး ညွှန်ကြားချက်များအပေါ် ဆောင်ရွက်နေမှု အခြေအနေများနှင့် သြဂုတ်လမှစ၍ ယာဉ်မတော်ဆမှု ဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြပေးစေလိုကြောင်း၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်အသုံးပြုစေရေး၊ ထိခိုက်မှုများမှ အကာအကွယ်ပေးနိုင်သည့် အရည်အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုတ်များ ဝတ်ဆင်မောင်းနှင်စေရေး တို့အတွက် ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်ကျေးရွာများအထိ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းများ မဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများပါ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများအားလုံး လိုက်ပါဆောက်ရွက်စေရေး ဌာနဆိုင်ရာများမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုပါကြောင်း၊ လမ်းဆုံလမ်းခွများ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိသည့် နေရာများ၊ လူစည်ကားရာနေများတွင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ထော်လာဂျီများ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ စနစ်တကျ သွားလာမောင်းနှင် ဆောင်ရွက်စေရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ လိုင်စင်မဲ့ယာဉ်များ၊ စည်းကမ်းပျက်ယာဉ်များ အသုံးပြုမှုမရှိစေရေး စစ်ဆေးကြပ်မက် ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရေး ဆောင်ရွက်ရမည့် နည်းလမ်းများဆွေးနွေးကြပြီး တိတိကျကျ လိုက်နာဆောက်ရွက်ရန်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန၊ တိုင်းဦးစီးမှူးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ တွဲဘက်အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့ခွဲမှူးမှလည်းကောင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ တင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများမှ အထွေထွေတင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀% လျှော့ချနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)