၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးခွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ဟိုပန်၌ကျင်းပ

ဟိုပန်  စက်တင်ဘာ  ၂၀

၂၀၂၂  ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား  ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမတွင် ပြုလုပ်ရာ  “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးညီနပ်နှင့်ဇနီး၊ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊မိဘ ဆရာအသင်းမှ ကိုယ်စားလှယ်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းသူလေးများက “ဝ”တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေတင် ဆက်ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အ.ထ.က (ဟိုပန်)စာစစ်ဌာနမှ ဖြေဆိုအောင်မြင်ခဲ့သည့် (၅)ဘာသာဂုဏ်ထူး ရရှိသူ(၁)ဦး၊ (၂)ဘာသာဂုဏ်ထူး ရရှိသူ(၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၃)ဦး၊ စုစုပေါင်းဖြေဆို အောင်မြင်သူ(၃၁)ဦးတို့ကို ဥက္ကဋ္ဌ ဦးညီနပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် ဆုငွေများကို ထိုက်တန်စွာ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသူမနန်းရွှေစင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ဆက်လက်၍ ကျောင်းသား/ကျောင်းသူလေးများက “ ထာဝရ မြန်မာ ” သီချင်းဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်