ကျောက်ဆည်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၂၀၇၅)ဦးထိုးနှံပြီးဖြစ်

ကျောက်ဆည် စက်တင်ဘာ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက် မြို့တော်ခန်းမနှင့် သံရွာ၊ မင်းစု၊ စမာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှ ကျန်းမာ ရေးဌာနခွဲ ဆေးရုံများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိရေး ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီက စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (၂၀၇၅)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ်တွင်(၂၁၀၈၂၆)ဦး၊ ဒုတိယအကြိမ်တွင်(၁၈၇၄၇၀)ဦး၊ တတိယအကြိမ်တွင်(၃၀၄၈၁)ဦးနှင့် စတုတ္ထအကြိမ်တွင် (၂၀၇၅) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ရေးကော်မတီထံမှ သိရသည်။

ကာကွယ်ဆေးများထိုးနှံပေးရာတွင် လွှမ်းခြုံမှုရှိစေရေး၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော် မတီဝင်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ၀င်များ၊ လူမှုရေးအသင်း အဖွဲ့၀င်များပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ပြည်သူများ သတ်မှတ်အကြိမ်တွင်လာရောက် ထိုးနှံရေး အသိပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)