သတင်းများ

တံတားဦးမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အမှတ်စဉ် ၅/၂၀၂၂ သင်တန်းဖွင့်လှစ်
Sep 21,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အမှတ်စဉ် (၅/၂၀၂၂) သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်
Sep 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဗီဇပြောင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့်  ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူလူထုသိရှိလိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံက်ပိုင်းက ဆင်တဲစျေးရှေ့၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန် နှာခေါင်းစည်းများအား အခမဲ့ဝေငှ၍ အသိပညာပေးဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဝေငှ၍ အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက စည်ပင်သာယာမြို့မဈေးအနီး နာရီစင်အဝိုင်းပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ကလေးစာဖတ်ခန်းတွင် ကျောင်းသား/သူများ ကာယ၊ ဉာဏ ဖွံ့ဖြိုးစေမည့်ပြိုင်ပွဲများ ကျင်းပ
Sep 21,2022
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေ ရန်ရည်ရွယ်၍ အားကစားလှုပ်ရှားမှုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၊ ကလေးစာဖတ်ခန်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး အသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်
Sep 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့်အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီသည် မြို့နယ်အတွင်းလူစည်ကားသည့် နေရာများတွင် အသိပညာပေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 21,2022
မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဦး၊ ဒေါက်တာဘမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ
ရေဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲပြုလုပ်
Sep 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ် မိုင်းဟန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်းများ‌ဆောင်ရွက်
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့်စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။