သတင်းများ

ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Sep 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က  အမှတ်(၂)ရပ်ကွက်သို့  သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်
Sep 20,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မုံရွာမြိူ့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့်  သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါစနစ်တကျကာကွယ်နှိမ်နင်းနိုင်ရေးအတွက် ရည်ရွယ်ကာ
မံစီမြို့တွင် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Sep 20,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိရစ္ဆာန် မွေးမြူရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးစပါးဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Sep 20,2022
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် မိုးစပါးအတွက် ဓာတ်မြေဩဇာ ပေးအပ်ခြင်းနှင့် ဆောင်းသီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်သာမြို့ အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲ ကျင်းပ
Sep 20,2022
တောင်သာမြို့ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် နေကြာစံပြကွက် စိုက်ပျိုးမည့် မြေနေရာအား ကွင်းဆင်းစစ်ဆေး
Sep 20,2022
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများစသည့် ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့အဝင် နားဖျိုင်းကျေးရွာရှိ တောင်သူ (၅) ဦးပိုင် စိုက်ပျိုးမြေ ၁၀ ဧကရှိ နေကြာစံပြကွက်စိုက်ပျိုးမည့် မြေနေရာအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
သရက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ၊ မြို့ဖများနှင့် ပရဟိတအဖွဲ့များ တက်ရောက်သည်။