ထန်းတပင်(ပဲခူး) စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တာဝန်ရှိသူများက မြို့တွင်းဖွင့်လှစ် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီ ဈေးနှုန်းပြောင်းလဲလာနိုင်မည်ဟု ယူဆပြီး မိမိတို့အကျိုးစီးပွားကို မျှော်လင့်၍ စက်သုံးဆီပြတ်လပ်သည် သို့မဟုတ် လက်ကျန်နည်းပါးသည်ဟု ပြောဆိုရပ်တန့်ခြင်းနှင့် အကန့်အသတ်ဖြင့် ရောင်းချခြင်းများ၊ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း များမပြုရေး၊ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချရေးကို ကြိုးပမ်းဆောင်ရွက်ရေး၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုရေး၊ မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း လုပ်ငန်းရှင်များနှင့် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်တာဝန်ရှိသူများက စက်သုံးဆီ အရောင်းဆိုင်များအလိုက် စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်ရေး၊ ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ ဆီချိန်တွယ်မှုများ၊ မီးဘေးလုံခြုံမှု ရှိ၊ မရှိ၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ၊ မရှိတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန် ပုံမှန်ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)