ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းမြို့နယ်၊ ဗောဓိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။