ရေဖြူ စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့်အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် မြို့နယ်အတွင်းလူစည်ကားသည့် နေရာများတွင် အသိပညာပေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ အသိပညာပေးခင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟန်ထူးညီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှနောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးမြင့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ရေဖြူမြို့ (ခ)ရပ်ကွက် ဓမ္မမာကကျောင်းနှင့်ဆေးရုံလမ်းဆုံတွင် အသံချဲ့စက်ဖြင့်ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အသိ ပညာပေးနှိုးဆော်ပြောကြားပြီး လက်ကမ်း စာစောင်နှင့်နှာခေါင်းစည်းMask များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခတ္တာ