ရပ်စောက် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဝေငှ၍ အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက စည်ပင်သာယာမြို့မဈေးအနီး နာရီစင်အဝိုင်းပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် လူစည်ကားသည့် ဈေးအနီး၌ သွားလာနေကြသည့် မိဘပြည်သူများအား နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်းများတပ်ဆင်၍ သွားလာနိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရေး အသိပညာပေးပြောကြားကာ နှာခေါင်းစည်းများအား အခမဲ့ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆုမွန်(မြို့နယ်ပြန်/ဆက်)