ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး

ဒဂုံတောင် စက်တင်ဘာ ၂၃

ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်များအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးပေးခြင်းကို ယမန်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ  အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တွင် စစ်ဆေးပေးကြောင်း သတင်းရရှိသည်။

ထိုသို့စစ်ဆေးပေးရာတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ဆရာဝန်ကြီးဒေါက်တာမြတ်သူဝင်းဦးဆောင်၍  ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ကျန်းမာရေးမှူးတို့က ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ(၁၁၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးပေးရာ

Postive(၄)ဦးထွက်ရှိကြောင်းနှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကွင်းဆင်းကြည့်ရှုကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

သန်းသန်းအေး(ပြန်/ဆက်)