ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Sep 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club) စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club) လူငယ်အသင်းတို့ပူးပေါင်း၍ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျန်းမာရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့သည်။