မိတ္ထီလာ စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် စျေးရုံတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၅.၀၇၃ သန်း ဖြင့် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် အလျားပေ ၁၀၀ ၊ အနံ ပေ ၂၀ ၊ အမြင့် ၉ ပေ ရှိသည့် Steel Structure ၊ သွပ်မိုး စျေးရုံကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် SAFE WAY CONSTRUCTION ကုမ္ပဏီက တာဝန်ယူ၍ စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ရေဝေကျေးရွာရှိ ရေဝေစျေးကို ၅ ရက်တစ်ကြိမ် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အဆိုပါစျေးကို ရေဝေကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူများက လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)