နမ့်ဆန်မြို့တွင်စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

နမ့်ဆန်၊ စက်တင်ဘာလ၂၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေအကျိုးကျေးဇူး အကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ နမ္မဝေါရပ်ကွက်တို့တွင် စာအုပ်စာစောင်ကိုအခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် မိဘပြည်သူများ အားလပ်ချိန်တွင်  ပြင်ပဗဟုသုတစာပေများကို ဖတ်ရှူတတ်သည့် အလေ့အကျင့်ရှိစေရန် စာပေကိုဖတ်ရှုတတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာအုပ်စာစောင်များကို ရပ်ကွက်များသို့သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာပေချစ်သူများ ဖတ်ရှုနိုင်စေရန် သုတစာအုပ်များကို တစ်ဦးလျှင် တစ်အုပ်နှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်စာပေချစ်သူ မိဘပြည်သူများကို အပတ်စဉ် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များသို့ မိုဘိုင်းစနစ်ဖြင့် ဗဟုသုတရရှိနိုင်မည့် သုတ/ရသစာအုပ်များကို စာငှားသူတစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၇)ရက်ကြာ အချိန်ပေး၍ စနစ်တကျ ငှားရမ်းပေးလျက် ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)