ရွှေပြည်သာ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌တိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဉ်မှုဖြင့် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများအား ယူရီးယားမြေဩဇာ (ဒုတိယအကြိမ်)ပံ့ပိုးရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက်(၁ဝး၃၀)အချိန်တွင် အမှတ်(၂၁)ရပ်ကွက်(လိန်ကုန်း) အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရွှေပြည်သာမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်မြင့်က ယူရီးယားမြေဩဇာပံ့ပိုးရောင်းချခြင်းနှင့် ပက်သက်၍ တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ယူရီးယားမြေဩဇာ(၁)အိတ်လျှင် ၃၀၀၀၀/-ကျပ်ဖြင့် မိုးစပါးစိုက်ဧက(၂၂၀)အတွက် (၁၀)ဧက(၁)အိတ်နှုန်းဖြင့် ယူရီးယားမြေဩဇာ(၂၂)အိတ်အား တောင်သူ(၃၆)ဦးထံ ခွဲဝေပံ့ပိုးရောင်းချပေးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)