ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၂၃
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Women Club အသင်းတို့ပူးပေါင်း၍ စာရေးဆရာခင်မောင်ညို (ဘောဂဗေဒ)ရေးသားထားသော “ဒေးလ်ကာနက်ဂျီ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူ က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ Women Club အသင်း အဖွဲ့ဝင် ဒေါ်မာမာချိုနှင့် ဒေါ်ခင်ဖုန်းတို့က စာရေးဆရာ ခင်မောင်ညို (ဘောဂဗေဒ)၏ ဒေးလ်ကာနက်ဂျီ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်းစာအုပ်ပါ အကြောင်းအရာများကို အသီးသီးဆွေးနွေးကြရာ တက်ရောက်လာကြသော စာပေချစ်သူများက ၎င်းတို့ ဖတ်ရှုထားသည့် အကြောင်းအရာများ၊ ထင်မြင်ယူဆချက်များကို မိမိတို့ဘဝနှင့်ယှဉ်၍ ရရှိထားသော အသိပညာများဖြင့် ပေါင်းစပ်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော (Club) အဖွဲ့များဖြင့်လည်းကောင်း၊ စာပေဝါသနာရှင်များဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)