ငပုတော စက်တက်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့မှ ဝင်ငွေနည်းပါးသော ပြည်သူများအား စျေးနှုန်း သက်သာစွာဖြင့် ဆန်များဝယ်ယူ နိုင်ရေးအတွက် ဒေသထွက်ငစိန်ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းနှင့် စက်တင်ဘာ ၂၂ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဝင်ငွေနည်းပါးသည့် ပြည်သူ(၃၂၉)စု အိမ်ထောင်စုအား စျေးနှုန်းသက်သာစွာဖြင့် အိမ်ထောင်တစ်စုလျှင် ဆန် (၂)ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ရေး ဆန်များ ရောင်းချပေးရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူနိုင်ရေးအတွက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)