စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ဆောင်ရွက်

ချမ်းမြသာစည်  စက်တင်ဘာ ၂၃

ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နေ့လယ်  ၁ နာရီက ဦးစီးဌာနရုံးရှိ Community Centreခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်စိမ်း၀င်းက စာပေလေ့လာဖတ်ရှုခြင်းအားဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ စာပေမှရရှိမည့်အသိဉာဏ် ပညာ၊ စာပေ၏ သုတ/ရသများ၊ ဘ၀အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုများ စသည်ဖြင့် အကျယ်တ၀င့် ဟောပြောခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား/သူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကို ၀င်ရောက်လေ့လာခဲ့ကြပြီး စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်မျိုးစုံ ဖတ်ရှုလေ့လာစေခဲ့ရာ ကျောင်းသား/သူများက စိတ်ပါ၀င်စားစွာ လေ့လာဖတ်ရှုကြခြင်း၊ စာကြည့်တိုက်အသင်း ၀င်ရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဖတ်ရှုခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြို့နယ်အတွင်း အထကကျောင်း (၃)ကျောင်းမှ တာ၀န်ခံကြီးကြပ်ဆရာ/ဆရာမများ၊ကျောင်းသား/သူများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ်ပြန်/ဆက်)