ဘားအံ စက်တင်ဘာ ၂၃
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးမွေးမြူရေးနှင့် ၎င်းတို့ကို အခြေခံသည့် စက်မှုလက်မှုလုပ်ငန်းများမှ အဆိုပြုတင်ပြချက်များကို စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးအဖွဲ့မှ ကွင်းဆင်းလေ့လာ တင်ပြသည့်အပေါ်မူတည်၍ အတည်ပြုသတ် မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကော်မတီများတွင်လည်း ငွေစာရင်းရှင်များဖွင့်လှစ်ထားပြီး ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ ကြိုတင်ပြင်ဆင်ထားကြပြီးဖြစ်ကြောင်း၊ ဒေသတွင်း အခြေခံစားသောက်ကုန်များ ဖူလုံပိုလျှံစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး မြေပြင်တွင် အမှန်တကယ်စိုက်ပျိုးထုတ်လုပ်ကာ ကြိတ်ခွဲထုတ်လုပ်၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးနိုင် သည့်အထိ ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက နိုင်ငံစီးပွားမြင့်တင်ရေးဆိုင်ရာ ပြည်နယ်အဆင့်တွင်ဆောင်ရွက်မည့် အခြေခံအချက်အလက်များအား ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့တက် ရောက်လာသော ကော်မတီဝင်များ၊ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာကြသော ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေ အနေများအား ရှင်းလင်းတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)