ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

ရွှေဘို စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်​ ရွှေဘိုမြို့ အမှတ်(၉)ရပ်ကွက်ရှိ​ အောင်​ဇေယျာ​စျေးနှင့်မှတ်(၁၀)ရပ်ကွက်ရှိကုန်း​ဘောင်စျေးတို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ခရိုင်/ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စည်ပင်သာယာ​ရေးဝန်ထမ်းများသည် ယနေ့ နံနက်၈နာရီချိန်က Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ​ဆောင်ရွက်ရာတွင် စည်ပင်သာယာအမှု​ဆောင်အရာရှိနှင့် ဝန်ထမ်းများ၊​ စျေးအကျိုး​တော်​ဆောင်များ ပူး​ကောင်းကာ၊ စျေးရောင်း၊ စျေးဝယ်သူများ၊ လမ်းသွားလမ်းလာများအား ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်း Maskကိုစနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး ထပ်ဆောင်းကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံသွားရေး အသိ ပညာပေးပြောကြားပြီး Mask (၇၀၀၀) ကိုအခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်