စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

စဉ့်ကူး    စက်တင်ဘာ    ၂၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်ခြင်းကို လက်ပန်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှေ့၊ မန္တလေး-မိုးကုတ်လမ်းပေါ်တွင် ယနေ့နံနက်(၇)က ဆောင်ရွက်ခဲ့သည်။

ထိုသို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော စုစုပေါင်းအင်အား (၄၂)ဦးဖြင့် အထက(လက်ပန်လှ)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများထံသို့ နှာခေါင်းစည်း "Mask" အခု (၂၀၀၀) ခန့်ကို အခမဲ့ပေးဝေခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို တိကျစွာ လိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ခြင်း၊ နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန်လည်း အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)